
ဦးသိန်းစိန် သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာကြတာကတော့" ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးနဲ့ ပပျောက်ရေး" ပါပဲ။ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလည်း ၂၀၁၁ခုနှစ်
မေလ ၂၀-၂၁ရက်နေ့ နေပြည်တော်မှာကျင်ပတဲ့ " ကျေးလက်ဒေသဖွဲ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး" အလုပ်၇ုံ
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးတင်ပြသွားတာတွေ့ရပါတယ်။ သူရဲ့တင်ပြချက်တွေကတော့ လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါး
စိုက်ပျိုးထုတ် လုပ်မှုကို ပြည်တွင်းဖူလုံရုံသာမက ပြည်ပကိုတိုးမြှင့်ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုးထုတ်
လုပ်ရောင်းချတဲ့ နိုင်ငံ အဆင့်ကို အရောက်လှမ်းဖို့၊လယ်သမားများကို အခွင့်အရေးကောင်းတွေ ဖန်
တီးပေးဖို့နဲ့ ဈေးကွက်အသစ်ရှာဖွေဖို့ စတဲ့အချက်တွေ ကိုအဓိက အကြံပြုတင်ပြထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ရမယ်။ ကမ္ဘာဆန်ထွက် အကောင်းဆုံးနိုင်ငံဖြစ်အောင် ကြိုး စားရမယ်။ လယ်သမားအတွက် အကျိုးစီးပွားတွေဖန်တီးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒေါက်တာ ဦးမြင့်ရဲ့စာတမ်းမှာ ဧရာဝတီမြစ်ကြီးရဲ့ အရေးကြီးမှုအကြောင်း တစ်လုံးမှမပါတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%ဟာ ဧရာဝတီမြစ်ကြီးကို အားကိုးနေရတာပါ။ ပြီးတော့ မေခနဲ့မလိခ မြစ်နှစ်သွယ်က သယ်ဆောင် လာတဲ့မြေသြဇာကောင်းတဲ့ နုန်းတင်မြေနုတွေကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်နဲ့ မြစ်ညှာပိုင်းက စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့ပေးနေတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ရွာပေါင်းများစွာ ဆပ်ကမ်းပေါင်းများစွာက ဧရာဝတီမြစ်ကြောင်းတလျှောက် ၀ဲယာတဘက်
တချက် မှာတည်ရှိနေပြီး ခရီးသွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် ဒီမြစ်ကြီးကိုပဲ အားကိုးနေရတာပါ။ ဧရာဝတီမြစ်ကြီး
ရေစီးနှေးသွားပြီး ရေပမာဏနည်းသွားတာနဲ့အမျှ မြစ်ကြီးရဲ့ကမ်းပါးတဘက်တချက်က မြစ်ရေကို အမီပြုပြီးပေါက် နေတဲ့ ဒီရေတောတွေ ပျက်သုန်းမှုက ဧရာဝတီမြစ်ဝှမ်းဒေသကို ခြောက်သွေ့ဇုန်အဖြစ် အသွင်ပြောင်းလိုက်ပါ လိမ့်မယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုသူတွေက ကချင်ပြည်နည်မှာရှိတဲ့ မြစ်ဆုံစီမံကိန်းကို အပြင်းအထန်ကန့်ကွက်နေကြပေမယ့် အမှတ်-၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံရေကာတာ စီမံကိန်းကိုလုံးဝရပ်တန့်မှာမဟုတ်ဘူးလို့ စက်တင်ဘာလ၁၁ရက်နေ့ တနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်။ စီမံကိန်းအတွက် ဧရာဝတီမြစ်ရေရဲ့ ရ%ကိုသာ ဖမ်းယူသုံးစွဲမှာဖြစ်ပြီး ကျန်တဲ့ ၉၃%
ကိုဆက်လက်စီးဆင်းစေမှာဖြစ်လို့ရေစီးကြောင်း ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း ဆက်လက်ပြောကြားသွားခဲ့ပါတယ်။
မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားရေးမှုးချုပ်ဟောင်း ဦးထွန်းလွင်ကလည်းအပြင်းအထန်ကန့်ကွက်ထားပါတယ်။ မြန်မာနိုင်ငံဟာ လာမယ့် ၁၀စုနှစ်များမှာ မိုးနည်းနိုင်ကြောင်းနဲ့ ဧရာဝတီမြစ်ကိုသာ ပိတ်ဆို့ထားမယ်ဆိုရင် ရေစီးနည်းသွားမယ်။ မြစ်ကျဉ်းပြီး တိမ်ကောလာနိုင်တယ်ဆိုတဲ့ အချက်တွေကို "Save The Irrawaddy" ဟောပြောပွဲမှာ တင်ပြသွားခဲ့ပါတယ်။
တရုတ်နိင်ငံမှာရှိတဲ့ ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့်အမွေအနှစ် ၁၀ ခုထဲမှာ ပါဝင်နေကြောင်းနဲ့ ဧရာဝတီမြစ် ကိုသာ ပိတ်ဆို့ထားမယ်ဆိုရင် ၁၁ခုမြောက်စာရင်းမှာ ပါဝင်လာနိုင်ကြောင်းကိုလည်း တင်ပြသွားခဲ့ပါသေးတယ်။
မြန်မာနိုင်ငံက စာရေးဆရာတွေနဲ့ ဧရာဝတီချစ်သူတွေက သူတို့နိုင်တဲ့အားနဲ့ ကန့်ကွက်နေကြတဲ့အချိန်မှာ ကျွန်မတို့ပြည်ပရောက် ဧရာဝတီချစ်သူတွေကလည်း ကိုယ်နိုင်တဲ့အားနဲ့ ဧရာဝတီကို ကယ်တင်ပေးကြပါလို့ တိုက်တွန်းပါရစေ။
No comments:
Post a Comment